top of page
  • Writer's pictureဒေါက်တာ ခန့်ညားအောင်

အေးဘုံရဲ့ ဆာဝါဒီခ



အေးဘုံတစ်ယောက် သူများတွေ ထိုင်း သွားတယ် ထိုင်းသွားတယ်ဆိုနဲ့ပဲ ရွာက ဘကြီး ဝမ်းကွဲ ကို လယ်တစ်ကွက်ရောင်းပြီး (လယ်အစစ်ပါ) ထိုင်းကို အထုတ်လေးပိုက်ပြီး ထွက်လာခဲ့တယ်။


ထိုင်း မှာ ကျောင်းထိုင်လုပ်နေတဲ့ ဘကြီး ဘုန်းကြီး ဆီမှာ (ဟဲ့ နင့်ဘကြီးတွေက များလှချေလား မမေးနဲ့ မေဒိကား နဲ့ စင်ကာပူက ဘကြီးတွေ ကျန်သေးတယ်) အထုတ်ကလေးချပြီး လာရင်း ကိုလျှောက်တယ်။



“ဟဲ့ ဂျမ်းဘုံ ဆိုင်းမဆင့် ဘုံမဆင့်နဲ့ ထိုင်းကို ဘာလာလုပ်တာတုန်း”


“တပည့်တော်မက အေးဘုံပါဘုရား “


“တပည့်တော်မ အစ်မ ဂျမ်းဘုံက ဂျပန်သွားတာပါဘုရား”


“ဟေ ဪ အေးအေး “


ဘုန်းကြီး မျက်လုံးပြူးသွားသည်။


ဘကြီးဘုန်းကြီး မျက်လုံးပြူးမယ်ဆိုလည်း

ပြူးချင်စရာ သူရွာမှာ သီတင်းသုံးတုန်းက

စီ - အေ - တီ ကဒ် တောင် ဝက် လို့ အော်နေတဲ့

ညီမ နှစ်ယောက်က အခုတော့ ဂျပန် သွားတဲ့သူနဲ့ ထိုင်းလာတဲ့သူနဲ့


“နင်တို့ ညီအစ်မတွေ ရုပ်ဆင်တော့

ငါ့ ရောရောနေတာ မနည်းကြည့်ရတယ်


ဟဲ့ နင့်မောင် သာအေးရော ခေါ်မလာဘူးလား

ရွာမှာ နွားကျောင်းနေရုံနဲ့ ဘာမှ ဖြစ်မလာဘူး”


“မှန်ပါ့ သူက အခု ဒူဘိုင်းမှာပါဘုရား”


“ဟေ”


ဒီတစ်ခါတော့ ပြူးလို့ရတာ အကုန်ပြူးသွားသည်။

ဘုန်းကြီး ဆက်မမေးရဲတော့ တော်ကြာနေ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်း  အကုန် နိုင်ငံစုံရောက်နေမှဖြင့်



“ကဲ ကဲလာရင်း ကိစ္စလျှောက်ဦး”


တင်ပါ့ တပည့်တော် အလုပ်လုပ်ချင်လို့ပါဘုရား


အမယ်လေး လွယ်လိုက်တာ

ထိုင်းမှာ အလုပ်ရဖို့ဆိုတာ လွယ်တာမှတ်လို့

မြို့ဆိုလို့ သူနေတဲ့ ကုန်းစောင်းရွာကနေ မကွေးမြို့ပေါ်

အလှူအတန်းရှိမှ ဝမ်းဆက်လေး နှုတ်ခမ်းနီလေး တက်ဝယ်ဖို့ပဲ ရောက်ဖူးတဲ့  အေးဘုံက ထိုင်းမှာ အလုပ်လုပ်မလို့တဲ့ ။


အဲ့လောက်မလွယ်ဖူးဆိုတာ ရောက်ရောက်ချင်း

ဆောက်ကိုထွင်းလို့လဲမကောင်း။

ရောက်လာပြီးမှတော့ ရှိစေတော့ ရှိစေတော့။

ထိုင်းဆိုတာ မြန်မာလို မဟုတ်ဖူးဆိုတာ တော့

အချီးတရားလေး ဟောပေးထားဦးမှပဲ။


အဟမ်း အဟမ်း အေးဘုံရေ


“တင်ပါ့”


နဘံစ ဒူရေ …ထက်လဟာပြင်မိုးကောင်းကင်သည်

ပထဝီစ ဒူရေ …မြေပြင်မှ တစ်ဆက်တည်းထင်ရစေကာမူ အလွန်ပင် ဝေးကွာလှချေ၏


“တင်ပါ့ ဘုရား”


ပါရံ သမုဒ္ဒဿ …တင်းကြမ်းရေပြင် ကမ်းမမြင်သော သမုဒ္ဒရာကြီး၏


တ' ဒါဟု ဒူရေ …ဟိုမှာဘက်ကမ်းသည်

သည်မှာဘက်ကမ်းမှ 


တတော ဟဝေ မမှန်းမဆနိုင်အောင်ပင်


ဒူရ  တရံ ဝဒန္တိ  အလွန်ပင်ဝေးကွာလှချေ၏


“တင်ပါ့ ဘုရား”


အေးးးးးးးးးးးအဲ့သည်လိုပဲ


မြန်မာပြည်စ ဒူရေ ….မြန်မာနိုင်ငံကြီး၏ အခြေအနေသည်လည်း


ယုဒ္ဓယစ ဒူရေ ….ထိုင်းနိုင်ငံကြီး၏ အခြေအနေနှင့်


တတော ဟဝေ …မမှန်းမဆနိုင်အောင်ပင်


ဒူရံ တရံ ဝေးကွာလှချေ၏…. ဟူ၍


ဝဒန္တိ။ ဟောကြားတော်မူခဲ့ပါပေးးးးးးးးသတည်းးးးး


“သာဓု။  သာဓု။ သာဓု။”


ကဲ ကဲ  နောက်ရက်မှ အလုပ်ကိစ္စအကြောင်းဆက်ပြောမယ်။ မကြည်လှ နောက်လိုက်သွား အိပ်စရာနေရာနဲ့ စားဖို့သောက်ဖို့လုပ်ပေးလိမ့်မယ်။


တင်ပါ့ ဘုရား။


အေးဘုံက ဦးသုံးကြိမ် မြန်မြန်ကုန်းချပြီး မကြည်လှ နောက် လိုက်သွားသည်။


ဘုန်းကြီးတော့ အေးချင်လို့ တရားနာ ပူဇာစ တရားဟောဆိုသလိုပဲ ထိုင်းပြေးလာခါမှ လာလိုက်တဲ့ အမျိုးတွေဆိုတာ ဟင်္သာကိုးသောင်းဇာတ်ကလို့တောင်ရနေပြီ။


-----


မှတ်ချက် ။  ။ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှမှ တိုးတက်မှု အမြန်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က ရေးသားဖော်ပြခဲ့ပြီး low income နိုင်ငံအဖြစ်မှ upper middle income နိုင်ငံအဖြစ် နှစ်အနည်းငယ်အတွင်တိုးတက်ပြောင်းလဲနိုင်ခဲ့ပါသည်။

မြို့အလိုက်ဖွံ့ဖြိုးတိုးတက်မှု၊ လူမှု့အဆင့်အတန်းတိုးတက်မှုနှင့် သိသာစွာပြောင်းလဲလာသော ဆင်းရဲမွဲတေမှု လျှော့ချနိုင်မှုတို့ကြောင့် အခြားအိမ်နီးချင်းနိုင်ငံများက လေးစား အားကျနေရသော နိုင်ငံလည်းဖြစ်ပါသည်။

0 views0 comments

Recent Posts

See All

ကျောင်းဈေး

အဲ့ဒီနှစ်က မိုးခေါင်လို့ စပါးရောသီးနှံရော ဘာမှမရတဲ့ နှစ်ပေါ့။ အိမ်က ရှိစုမဲ့စုလေးလည်း ရောင်းတလှည့်ပေါင်တလှည့်နဲ့ ကုန်လုနီးပြီ။...

Comments


bottom of page